ဖာပွန် ၁၅ ဇွန်
ကရင်ပြည်နယ် ဖာပွန်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်မှ စာဖတ်ပရိသတ်ကြိုက်နှစ်သက်သည့် စာအုပ်အပေါ် ပြန်လည်ဆွေးနွေးမှု အစီအစဉ်ကို အွန်လိုင်းစနစ်ဖြင့် ယမန်နေ့နံနက်ပိုင်းက တင်ဆက်ပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြည်သူ့စာကြည့်တိုက်စာဖတ်ပရိသတ် ဒေါ်ခင်ချိုသန်းက စာရေးဆရာ လင်းရောင်စင်ရေးသားသည့် "ငါ့အတွက် ငါရှိတယ်"စာအုပ်အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့ကြောင်း၊ အဆိုပါစာအုပ်မှာ စိတ်ဓါတ်ခွန်အား မြှင့်တင်ပေးသည့် စာပေအမျိုးအစားဖြစ်သည့်အတွက် လူကြီးလူငယ်မရွေး ဖတ်ရှုသင့်ကြောင်း၊ ဘဝတစ်သက်တာအတွက် ကိုယ်ပိုင်ဆောင်ထားသင့်သော စာအုပ်တစ်အုပ်ဖြစ်ကြောင်း ဒေါ်ခင်ချိုသန်းက ဆွေးနွေးခဲ့သည်။
စာဖတ်သူအကြိုက်စာအုပ်အပေါ် ပြန်လည်ဆွေးနွေးမျှဝေမှု အစီအစဉ်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါ နှင့် ဒုတိယဦးစီးမှူး ဦးတိုးဝေဇင်တို့ ပါဝင်ဆွေးနွေးခဲ့ကြောင်း၊ အပတ်စဉ် တစ်ပတ်လျှင် တစ်ကြိမ်အွန်လိုင်းမှ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)


