ဖာပွန်  ၁၉  ဧပြီ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ဖာပွန်မြို့ခုတင် (၁၀ဝ) ပြည်သူ့ဆေးရုံကြီးသို့လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊တပ်နယ်မိသားစုများ၊စေတနာရှင်၊အလှူရှင်များက တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အလှူငွေနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို လာရောက်လှူဒါန်းလျက်ရှိသည်။

 

53712

 

ယင်းသို့လှူဒါန်းရာတွင် ယနေ့အထိ PPE ဝတ်စုံ(၁၆၉)စုံ၊ နှာခေါင်းစည်း Mask များ၊ Hand Gel များ၊ အပူချိန်တိုင်း ကိရိယာများ၊ ဆေးဖျန်းပုံးများအပြင် အခြားကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ တန်ဖိုးငွေကျပ် (၇၆၈၀ဝ၀ဝ)နှင့် ငွေသား အလှူငွေကျပ် (၇၂၀ဝ၀ဝ) စုစုပေါင်း တန်ဖိုးငွေကျပ် (၈၄)သိန်းဖိုးခန့် လာရောက် လှူဒါန်းခဲ့ကြောင်း၊ စေတနာရှင်၊ အလှူရှင်များအား ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝေလင်းက မှတ်တမ်းတင်ဂုဏ်ပြုလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်ဆက်)

 

9852