ဖာပွန် ၂၉  အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် အောက်တိုဘာလမှ စက်တင်ဘာလထိ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 ရှေးဦးစွာ ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံကိန်း ဦးစီးမှူး ဒေါ်မိုးနှင်းက ဖာပွန်ခရိုင်၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ စက်တင်ဘာလထိ စီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားသည်။ ထို့နောက် ဖာပွန်ခရိုင် အုပ်ချုပ်ရေးမှူးနှင့် ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး တို့က ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများအားစီမံကိန်း တာဝန်များပေးအပ်ရာ တာဝန်ရှိသူများက လက်ခံခဲ့သည်။

 

 အဆိုပါ အခမ်းအနားသို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်၊ ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး၊ ဖာပွန်မြို့နယ် အုပ်ချုပ်ရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

 

ကျော်ဝဏ္ဏ(ပြန်/ဆက်)