ဖာပွန် ၇ မေ
ဖာပွန်မြို့ အနောက်ဘက်ကမ်းကျေးရွာတွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုးလောက်လန်းရှာဖွေခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းများကို အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်၊ ပိုစတာများကို ချိတ်ဆွဲပြသခြင်း၊ အသိပညာပေးဗီနိုင်းများ စိုက်ထူခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းကျော်ဝဏ္တ၊ တိုးဝေဇင်(ပြန်/ဆက်)


