ဖာပွန် ၁၉ ဇန်နဝါရီ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဖာပွန်ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပ သော ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို ဇန်နဝါရီ ၁၈ ရက်နေ့မှ ၁၉ ရက် နေ့အထိ ကျင်းပခဲ့ရာ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဖာပွန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ ဖာပွန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်သိမ့်ဝါက ကလေးစာပေပွဲတော် ကျင်းပဆောင်ရွက်နိုင်မှုအခြေအနေနှင့် ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ မူလတန်းအထက်ဆင့်/အောက်ဆင့်ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ အလယ်တန်းအဆင့်၊ မူလတန်း အဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲများ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ်ဆု(၅)ဆုရရှိသော ကျောင်းသား/သူများအားလည်းကောင်း၊ ဖာပွန်ခရိုင်အတွင်းမှ မြန်မာ့လက်ရွေးစင် တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ရွေးစင် ထူးချွန်အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ငွေ သားဆုများနှင့်လက်ဆောင်ပစ္စည်းများကို ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ ဖာပွန်ခရိုင်ရဲတပ်ဖွဲမှူး ရဲမှူးကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် အထက(ဖာပွန်)မှ ကျောင်းသား/သူများက ပုဇဉ်းတောင်သံကြိုးသီချင်းနှင့် ကရင်ဒုံးယိမ်းအကဖြင့် ကပြဖျော်ဖြေခြင်း၊ အလက(မဲသလွတ်)ကျောင်းမှ ကျောင်းသား/သူများမှ ကလေးစာပေပွဲတော် သီးချင်းသီဆိုခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးခဲ့ကြပြီး အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်း- ကျော်ဝဏ္ဏ(ပြန်/ဆက်)
ဓါတ်ပုံ- ကျော်ဝဏ္ဏ၊ စိုးထက်အောင်၊ နေမျိုးလွင်၊ အောင်မျိုးလွင်