ဖာပွန် ၂၄   စက်တင်ဘာ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေရှင်းလင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၄ ရက် နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမူက ကလေးများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဆုံးရှုံးမှုများ မကြုံတွေ့စေရေး ဥပဒေ၊ နည်းဥပဒေနှင့်အညီ ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေးကို ချပြဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

ကျော်ဝဏ္ဏ(ပြန်/ဆက်)

mdn