ဖာပွန် ၃၀  အောက်တိုဘာ

 

ကရင်ပြည်နယ် ဖာပွန်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကျင်းပသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို အောက်တိုဘာ ၃၀ရက် နံနက်(၁၀)နာရီက အမှတ်(၂)ရပ် ကွက် အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။

 

 အခမ်းအနားတွင် ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်သူ့စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ဥပဒေအရာရှိ ဦးအောင် သက်ခိုင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေများနှင့် အမျိုးသမီးဆိုင်ရာ အခွင့်အရေးများ အကြောင်းကို လည်းကောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းက ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှု အကြောင်းကိုလည်းကောင်း၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးစိုင်းချစ်ဦးမောင်က ပညာရေးနှင့်ပတ်သက်၍ ကလေးသူငယ် အခွင့်အရေးများအကြောင်းကို လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးကြည်သာက ကျောင်းသား၊ကျောင်းသူများသိရှိလိုသည်များအားဖြည့်စွက် မေးမြန်းခြင်းများကိုလည်းကောင်း အသီးသီးဆွေးနွေးကြသည်။

 

အဆိုပါ ပြည်သူ့စကားဝိုင်းသို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ် ချုပ်ရေးမှူး၊ ဦးဆောင်ဆွေးနွေးသူများ၊ ပြန်/ဆက်ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း  (၃၁၉) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။

 

ကျော်ဝဏ္ဏ(ပြန်/ဆက်)