ဖာပွန် ၂၄ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ဖာပွန်မြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း အမှတ်စဉ် (၃/၂၀၁၉) သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရှမ်းကိုင်းကျေးရွာ၊ စက်မှုလယ်ယာ ရှေ့တန်းစခန်း(ခွဲ) ခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်စက်မှုလယ်ယာဦးစီးမှူး ဦးဘိုဘိုမောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းတွင် သင်ကြားပို့ချပေးမည့် လယ်ယာသုံး စက်ကိရိယာများအား ကြည့်ရှုခဲ့သည်။
အဆိုပါသင်တန်းကို နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ သင်တန်းသား(၂၃)ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဝဏ္ဏ(ပြန်/ဆက်)


