ဖာပွန်  ၄  ဖေဖော်ဝါရီ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်မြန်အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း(Mask)နှင့် အသိပညာပေး လက်ကမ်းစာစောင်များအား  ယနေ့ နံနက် ၈ နာရီခွဲက အခမဲ့ဝေငှပေးခဲ့သည်။

 

8520

 

ထို့သို့ဆောင်ရွက်တွင် ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအေး၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝေလင်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဖာပွန်မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့်  ခရီးသွားပြည်သူများအား နှာခေါင်းစည်း (Mask)နှင့်  အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဝေငှပေးခဲ့ကြသည်။

 

47525

 

ကျော်ဝဏ္ဏ(ပြန်/ဆက်)