ဖာပွန် ၃ အောက်တိုဘာ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် တံခွန်တိုင်ကျေးရွာ ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေဦးစွာ အမျိုသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ဖာပွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဇင်ဇူနိုင်ကိုက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း၏ ရည်ရွယ်ချက်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ ကျေးရွာတွင်းကွန်ကရစ်လမ်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပါသည်။
ထို့နောက် ကွန်ကရစ်လမ်းဖွင့်ပွဲ အခမ်းအနားကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်၊ ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးအောင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဇင်ဇူနိုင်ကိုနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းကို အရှည်ပေ ၇၃၀ ၊ အကျယ် ၁၀ ပေ၊ အမြင့် ၆ လက်မထု ခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးရေးစီမံ ကိန်း(VDP)ထောက်ပံ့ရံပုံငွေ ကျပ်သိန်း ၁၀ဝနှင့် ကျေးလက်နေပြည်သူများ၏ လုပ်အားထည့်ဝင်မှုတို့ဖြင့် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စိုးမိုးကျော်


