ဖာပွန် မတ် ၂၃
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ရန်အတွက် ညှိနှိုင်းအစည်းအဝေးနှင့် ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန်သည့် အသိပေးကြေညာချက် စာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၈)နာရီက ဖာပွန်မြို့မရွှေကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ဖာပွန်မြို့မရွှေကျောင်းဆရာတော်က အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ရန်အတွက် ဖာပွန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြတ်ကိုထွေးနှင့် တာဝန်ရှိသူများအား ဖာပွန်မြို့၊ ဓာတ်တော်ကုန်းကျောင်းတိုက်၌ မတ်လ(၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်မည် ဖြစ်ကြောင်းနှင့် မတ်လ(၃၀)ရက်နေ့တွင် ဖာပွန်မြို့၊ အမှတ်(၄)ရပ်ကွက်မှ မထောကျေးရွာအထိ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ပြန် ထားသော အသိပေး ကြေညာချက်စာစောင်များ ဖြန့်ဝေခြင်း၊ ကားများဖြင့် လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)


