ဖာပွန်  ၁၂   ဇူလိုင်

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကြက်ခြေနီလူငယ်များမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

 

မြန်မာနိုင်ငံကြက်ခြေနီအသင်း(ဗဟို)မှ ပေးပို့လာသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများအား ဦးညိုသိန်းထွန်းဦးဆောင်သော ကြက်ခြေနီလူငယ်များက ဖွင့်ဖောက်စစ်ဆေးခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးပိုစတာများ၊ လက်ကမ်းစာစောင်များကို မြို့ပေါ်ရပ်ကွက်(၄)ရပ် ကွက်နှင့် ကျေးရွာများရှိ အခြေခံပညာ စာသင်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မိဘပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေး လိုက်လံကပ်ထားပေးခဲ့ကြောင်း သိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်ဆက်)

 

mdn