ဖာပွန်  ၁၇ ဇွန်

ကရင်စာပေသင်ကြားနေသော ဆရာ၊ ဆရာမများအား ကရင်တိုင်းသားစာပေများကို  ပိုမိုထိရောက်စွာ သင်ကြားပေးနိုင်ရေးနှင့် စစ်မှန်သော စကောကရင်ဘာသာစကားကို မျိုးဆက်လူငယ်များ အကြားတွင် ပြန့်ပွားလာစေရေးအတွက် ရည်ရွယ်၍ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီက ကြီးမှူး၍ ကျင်းပသော ကရင်စာပေမွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားနှင့် ဆေးတက္ကသိုလ် တက်ရောက်နေသော ကရင်တိုင်းရင်းသားလူငယ်များအား ထောက်ပံ့ငွေပေးအပ် ခြင်းကို  ယနေ့နံနက် (၈)နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးစောဘူးသောက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ကရင်တိုင်းရင်းသားလူငယ်များအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီအတွင်းရေးမှူး ဦးစောဇော်မင်းက ဆေးတက္ကသိုလ်တက်ရောက်နေသော (MBF Final Part-1) နှင့် ပထမနှစ်တက်ရောက်နေသော စောဉာဏ်မြတ်စင်တို့အား တစ်ဦးလျှင် ငွေကျပ် ၅၀ဝ၀ဝ၀ စုစုပေါင်းငွေကျပ်(၁၀ဝ၀ဝ၀ဝ)ကို ထောက်ပံ့ပေးအပ်ရာကျောင်းသားများကိုယ်စားမိဘများက လက်ခံရယူခဲ့သည်။

 

mdn

 

အဆိုပါသင်တန်းသို့ ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၃၀) အား သင်တန်းဆရာ ဦးစောအယ်ဒိုက သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်းစသည့် စကောကရင် ဘာသာရပ်များကို ဇွန် ၁၇ ရက်နေ့မှ ၁၈ရက်နေ့အထိ သင်ကြားပို့ချသွားမည်ကြောင်း သိရသည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)