ဖာပွန် ၄ မတ်

 

ကျောင်းသားလူငယ်များ အားကစားတွင် စိတ်ပါဝင်စားမှုရှိစေရန်နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ နွေရာသီကျောင်းပိတ်ရက်တွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ မိုးလုံလေလုံအားကစားရုံ၊ တပ်နယ်ခန်းမနှင့် အထက(ဖာပွန်)ဘောလုံးကွင်းတို့၌ နွေရာသီ အားကစား သင်တန်းများ အခမဲ့ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ အားကစားသင်တန်းများတွင် ဘောလုံး၊ ဘတ်စကတ်ဘော၊ ပိုက်ကျော်ခြင်း၊ မြန်မာ့သိုင်း၊ ကရာတေးဒို၊ Myanmar Physical Fitness Dance စသည့် အားကစားနည်း(၆)မျိုးကို ဖွင့်လှစ်သင်ကြား ပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ် ၁၅ ရက်မှ ၃၀ ရက်ထိ ဖြစ်ကြောင်း သိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)