ဖာပွန် ၉  မေ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေ အခက်အခဲရှိသော နေရာများသို့ သောက်သုံးရေ သွားရောက်လှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက်(၁၁)နာရီအချိန်က မဲသလွတ်ကျေးရွာ၌ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

11890

 

ထိုသို့ သောက်သုံးရေများသွားရောက်လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်အောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ဖာပွန်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ဧပြီလမှ စတင်ပြီး သောက်သုံးရေ အခက်အခဲရှိသည့် နေရာများသို့ သွားရောက် လှူဒါန်းပေးလျက် ရှိကြောင်း၊ နွေရာသီရေရှားပါးမှုမဖြစ်ပေါ်စေရေး ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မြို့နယ်မီးသတ် ဦးစီးဌာနမှ သိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)

 

222