ဖျာပုံ ဒီဇင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးဌာနမှူးနှင့် ခရိုင်/မြို့နယ် စားသုံးသူရေးရာ ဦးစီးမှူးများမှ ဦးဆောင်၍ ပြည်သူများစားသုံးဆီ လိုအပ်ချက်များမဖြစ်ပေါ်စေရေး၊ ခရိုင်နှင့် မြို့နယ်အလိုက် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတာဝန်းပေးခြင်းကို ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက Virtual Zoom Meeting စနစ်ဖြင့် သက်ဆိုင်ရာ ခရိုင်မြို့နယ် အလိုက်စားသုံးသူရေးရာ ဦးစီးဌာနရုံးများတွင် ဆီလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။
အဆိုပါဆီလုပ်ငန်းရှင်များအသင်းဖွဲ့စည်းခြင်းတွင် စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးအောင်က အအမှာစကားပြောကြားပြီး ခရိုင်/မြို့နယ်အလိုက်ဆီလုပ်ငန်းရှင်များအား သက်ဆိုင်ရာမြို့နယ်အလိုက် ဆီလုပ်ငန်းရှင်အဖွဲ့ ဥက္ကဋ္ဌ တစ်ဦးအား ရွေးချယ်ကြသည်။
မိမိတို့၏ မြို့နယ်အလိုက် စားသုံးဆီနှင့်ပတ်သက်၍ အခက်အခဲများဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ်စားသုံးသူရေးရာဦးစီးဌာမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကာ ပြည်သူများ၏ စားသုံးဆီနှင့်ပတ်သက်သည့် အခက်အခဲများကို ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ခရိုင်/မြို့နယ် ဆီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ခရိုင်/မြို့နယ် အလိုက် ဆီလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရခြင်းဖြစ်ကြောင်း၊ ဖျာပုံခရိုင် စားသုံးသူရေးရာ ဦးစီးဌာနရုံးမှ သိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)