ဖျာပုံ ဇူလိုင် ၁၉

 

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်မှန်း၍ ဆရာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခြင်းကို ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက ဖျာပုံမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ထန်းပင်ကျောင်း၊ ပရိယတ္ထိ စာသင်တိုက်တွင် ပြုလုပ်ရာ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးနိုင်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဆရာတော်ကြီးများထံမှ သီလခံယူ ဆောက်တည်ခြင်းနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ ဆွမ်း၊ သင်္ကန်းစသော လှူဒါန်းမှူ အစုစုအား အမျှပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။

 

ဖျာပုံမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ဌာနဆိုင်ရာ အဆောက်အအုံများနှင့် နေအိမ်များတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်ဝက်လွှင့်ထူခြင်းနှင့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥသြဆွဲအချက်ပေး၍ သွားလာနေသော ယာဥ်များ၊ ပြည်သူများက ခေတ္တရပ်ပြီး အလေးပြုခြင်း၊ ဟွန်းတီးခြင်းများကို ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

 

အောင်ဝင်းနိုင်(ပြန်/ဆက်)