ဖျာပုံ   နိုဝင်ဘာ   ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့ ဘဝသစ်ကျေးရွာအုပ်စုတွင်နိုဝင်ဘာ ၁၈ ရက် နံနက် ၉ နာရီက ဘဝသစ်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လဝကမှူး ဒေါ်မျိုးမျိုးသင်း ဦးဆောင်သော ဝန်ထမ်းများက ဘဝသစ်ကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများအား အသက် ၁၆ နှစ်ပြည့် ၂၇ ဦး၊ အသက် ၁၈ နှစ်အထက် ၈၆ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အသစ်လဲလှယ်ခြင်း ၇၄ ခု၊ မိတ္တူ ၆၁ ဦး စုစုပေါင်း ၂၄၈ ဦးအား ကွင်းဆင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ပြန်/ဆက်)