ဖျာပုံ   နိုဝင်ဘာ  ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ ကျေးရွာများအရောက် နိုင်ငံသား စိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ဖျာပုံမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာအုပ်စု၊ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာရှိ ပြည်သူများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်‌ရေးကတ် ပြုလုပ်ပေးရခြင်းနှင့် ပတ်သက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင်က ရှင်းလင်းပြောကြားပြီး ဖျာပုံမြို့နယ် ဂုံညှင်းတန်းကျေးရွာအုပ်စုရှိ အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်မရှိသူများ၊ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်မရှိသူများ၊ မှတ်ပုံတင်အသစ် လဲလှယ်ခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးရာတွင် လူဦးရေ ၈၁ ဦးနှင့် အိမ်ထောင်စု စာရင်းမရှိသူ ၅၄ စု၊ နိုင်ငံသား စိစစ်ရေးကတ်များနှင့် အိမ်ထောင်စု စာရင်းမရှိသူ ၁၂၅ ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြကြောင်း မြို့နယ်လူဝင်မှုကြီကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ သိရှိရသည်။

 

အောင်ဝင်းနိုင်(ပြန်/ဆက်)