ဖျာပုံ နိုဝင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးက နိုဝင်ဘာ ၅ ရက်က ဖျာပုံမြို့နယ် ကျိုက္ကဘာကျေးရွာအုပ်စုတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့သည်။
ဆောင်ရွက်ပေးရာတွင် ဖျာပုံမြို့နယ်၊ ကျိုက္ကဘာကျေးရွာအုပ်စုရှိ အသက် ၁၀ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်မရှိသူများ၊ အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်မရှိသူများ၊ မှတ်ပုံတင်အသစ် လဲလှယ်ခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးရာတွင် လူဦးရေ ၁၂၇ ဦးနှင့် အိမ်ထောင်စုစာရင်းမရှိသူ အိမ်ထောင်စု ၃၀ အား အိမ်ထောင်စုအသစ် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးမှူးရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)


