ဖျာပုံ ၉ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ရေလုပ်သားများအား သဘာဝဘေး အန္တရာယ်နှင့်ကြုံတွေ့လာပါက ရင်ဆိုင်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ပင်လယ်ပြင်ငါးဖမ်းရေယာဉ် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေး သင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာန ၊ ငါးလုပ်ငန်းသင်တန်း ကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင်ငါးလုပ်ငန်းဦးစီးဌာနဒုတိယတိုင်းဦးစီးဌာနမှူး ဦးသော်ထွန်းဦး က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ဖျာပုံခရိုင် ငါးလုပ်ငန်းသင်တန်းကျောင်း တာဝန်ခံ ဒေါ်ခင်ခင်အေး က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ဖြစ်သော ရေလုပ်သားများအနေဖြင့် လုပ်ငန်းခွင် ဝင်ရောက်ရာ တွင် မုန်တိုင်းဘေး မိုးသည်းထန်မှုကြောင့် သင်္ဘောများ၊ ကျားဖောင်များ ပျက်စီးမှုကြောင့် မိမိတို့ အသက်ဘေးမှ လွတ်မြောက်နိုင်ရေးအတွက် နေထိုင်နည်းများနှင့် ကာကွယ်နည်းလမ်းများ၊ တစ်ယောက်နှင့်တစ်ယောက် စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ဆောင်ရွက်ပုံများ၊ သယံဇာတထိန်းသိမ်းရေး၊ ဥပဒေနှင့်ပတ်သက်သည်များ မျိုးသုန်းပျောက်ကွယ်လုဖြစ်နေသည့် ရေနေ နို့တိုက်သတ္တဝါများပြုန်းတီးမှု မဖြစ်ပေါ်စေရန် ဆောင်ရန်ရှောင်ရန်များ၊ ကမ်းနီးကမ်းဝေး ငါးဖမ်း ရေယာဉ်များတွင် ရေယာဉ်စောင့်ကြည့် ထိန်းချုပ်ရေးကိရိယာ ( VMS ) စက်များ တပ်ဆင်ခြင်း ကြောင့်ရရှိမည့် အကျိုးကျေးဇူးများ (VMS) အသုံးပြုပုံ အဆင့်ဆင့်ကို သိရှိနားလည်စေရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင် းပြောကြားသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား (၂၀) တက်ရောက်ပြီး၊ သင်တန်းအား ဇူလိုင်လ ၈ ရက်နှင့် ၉ ရက် (၂)ရက်ကြာ ပို့ချပေးသွားမှာဖြစ်ကြောင်း သိရှိရ သည်။
ခရိုင်ပြန်/ဆက်


