ရန်ကုန် ၁၈ ဇွန်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ထုတ်ဝေသည့် ဖြောင့်မတ်တည်ကြည်မှု ကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံးတွင် ကျင်းပသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင်နှင့် တာဝန်ရှိသူများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ယခုရည်ညွှန်းစာစောင်များကို သတင်းမီဒီယာကောင်စီမှတစ်ဆင့် ကောင်စီနှင့်ဆက်စပ်နေသည့် အဖွဲ့အစည်းများ၊ ကောင်စီဝင်များသို့ ဖြန့်ဝေခြင်းအားဖြင့် ယင်းအဖွဲ့အစည်းများ၊ မီဒီယာများမှတစ်ဆင့် လူထုကြားသို့ အသိပညာဖြန့်ဝေမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရာ၌ ကိုးကားအသုံးပြုနိုင်ရန် ယခုရည်ညွန်းစာစောင်များကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ရည်ညွှန်းစာစောင် ၃၀ စုံကို လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


