နေပြည်တော် ၁၃ ဇွန်
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ဝေသည့် ဖြောင့်မတ်တည်ကြည်မှု ကျင့်ဝတ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်၊ စာအုပ်စာတမ်းများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်များသို့ လှူဒါန်းပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးမျိုးမင်းမောင်၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်လှနှင့် တိုင်းဒေသကြီးလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်က ရည်ညွှန်းစာစောင်များ လှူဒါန်းပေးအပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ရည်ညွှန်းစာစောင် အစုံ(၁၃၀)အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


