မော်လိုက် ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၌ ဇန်နဝါရီ ၂၇ ရက် ညနေပိုင်းက ဖောင်းပြင်-ဟုမ္မလင်း ဗျူဟာလမ်းမပေါ်၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖောင်းပြင်မြို့မရဲစခန်းမှ ဒုတိယရဲအုပ်ပေါဌေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးသက်ပိုင်ဇော်နှင့် အဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဖောင်းပြင်-ဟုမ္မလင်းသွား ဗျူဟာလမ်းမပေါ်တွင် ပိတ်ဆို့ရှာဖွေ စစ်ဆေးနေစဉ် ဖောင်းပြင်မြို့ဘက်မှ ဟုမ္မလင်းမြို့ဘက်သို့ ဖောင်းပြင်မြို့နယ်၊ နောင်မနားကျေးရွာနေ နိုင်လင်းအောင် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ဆိုင်ကယ်ရှေ့ခွကြား၌ တင်ဆောင်လာသည့် ကျောပိုးအိတ် အတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်အမှုန့် အလေးချိန် ၉ ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် စုစုပေါင်း ၃၄ ခွက် စုစုပေါင်းအလေးချိန် ၃၀၆ ဂရမ်ခန့် (တန်ဖိုးငွေ ကျပ် ၁၀၇၁၀၀၀ဝ)အား ရှာဖွေ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများ ရောင်းချရန်အလို့ငှာ သယ်ဆောင်လာသူ နိုင်လင်းအောင် အား ဖောင်းပြင်မြို့မရဲစခန်းမှ မယ(ပ)၂/၂၀၂၂၊ မူး/စိတ်ပုဒ်မ- ၁၉(က)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မော်လိုက်သားလေး