နေပြည်တော် ၁ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မြေဘောင်ကြီး ကျေးရွာပါ ၄ ရွာတို့၌ ဧပြီ ၃၀ ရက် နံနက် ၃ နာရီက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၁၄ လုံး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ၂ ရုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဓမ္မာရုံ ၁ ခုတို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ မင်းကင်းမြို့နယ်၊ အုန္နဲဘုတ် ကျေးရွာပါ ၂ ရွာတို့၌ ညနေ ၄ နာရီခွဲက လေပြင်းတိုက်ခတ်မှုကြောင့် ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၅ လုံး အမိုးလန်ပျက်စီခဲ့သည်။
ရွှေဘိုမြို့နယ်၊ ရေတော်မူကျေးရွာပါ ၂ ရွာတို့၌ ညနေ ၆ နာရီခွဲအချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ဓနိမိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၂၇ လုံး၊ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်၊ နေအိမ် ၅ လုံး ပြိုကျပျက်စီးခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)


