ဖောင်းပြင် နိုဝင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့ နယ်ထောမကျေးရွာအုပ်စု၊ ကိုင်းပြင်ကျေးရွာ၌ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေး တို့အတွက် ဖောင်းပြင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ (၆)လ ဘတ်ဂျက် အတွင်း အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာဆီ၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်ပြုလုပ် နည်း သင်တန်းကို ယင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌  ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးသန်းဇော်ဝင်း က  သင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီးအသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆပ်ပြာဆီ၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းကို နိုဝင်ဘာလ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ ၁၀ ရက်ခန့် သင်တန်း နည်းပြဆရာများဖြင့် သင်တန်းသား ၃၀ အား လက်တွေ့ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။ 

မွှေးကြူဇင်