mdn

ဖောင်းပြင် ၁၇  အောက်တိုဘာ

 

 

ဖောင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံက သက်ကြီးဘိုးဘွားများအား မကူးစက်နိုင်သောရောဂါများ အခမဲ့ရှာဖွေကုသပေးခြင်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးလျက်ရှိရာ ပရဟိတ အသင်း(ဖောင်းပြင်) နှင့် ပူးပေါင်း ပြီး ယမန်နေ့နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

 

 

ထိုသို့ သက်ကြီးဘိုးဘွားများကို ကျန်းမာရေးဆိုင်ရာများ စစ်ဆေးရှာဖွေပြီးကုသပေးရာတွင် ဆီးချို၊ သွေးတိုး၊ နှလုံး၊ ကင်ဆာရောဂါနှင့် နာတာရှည်အဆုပ်ပွရောဂါများကို စစ်ဆေးရှာဖွေကုသပေးပြီး သက်ကြီးဘိုးဘွား ၆ဝ အား လိုအပ်သောအာဟာရ ဖြည့်စွက်အားဆေးများကိုလည်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

 

ဖောင်းပြင်(ပြန်/ဆက်)

 

mdn

 

mdn