ဖောင်းပြင်   ဒီဇင်ဘာ   ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ဒီဇင်ဘာ အားကစားလှုပ်ရှားမှုအနေဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များပါဝင်သော အမျိုးသား ဘောလုံးအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၁၈ ရက်က စတင်ကျင်းပခဲ့ပြီး အုပ်စုပွဲစဉ်များ ဆက်လက်ကျင်းပလျက်ရှိကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

 

အဆိုပါ အမျိုးသား ဘောလုံးအားကစားပြိုင်ပွဲသို့ အသင်း ၁၀ သင်း ပါဝင်ယယှဉ်ပြိုင်လျက်ရှိပြီး ဒီဇင်ဘာ ၃၁ ရက်တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းကို ကျင်းပသွားမည်ဖြစ်သည်။ ပထမဆုအဖြစ် ငွေကျပ် ၃သိန်း၊ ဒုတိယဆုအဖြစ် ငွေကျပ် ၂ သိန်း ချီးမြှင့်သွားမည်ဟု သိရသည်။

 

ကိုထွန်း(ဖောင်းပြင်)