ဖောင်းပြင်၊  ၂  ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ခွေးရူးရောဂါများ မဖြစ်ပေါ်စေရေး ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီစောက ကာကွယ်ဆေးအလုံးရေ တစ်ရာလှူဒါန်းပေးခဲ့ရာ ခွေးအကောင်ရေ တစ်ရာအား ယနေ့နံနက်ပိုင်းက အခမဲ့ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးညီညီစော လိုက်ပါပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မင်းစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့အစည်းများ ပူးပေါင်းပါဝင်၍ ထိုးနှံပေးခဲ့ကြသည်။

 

ထိုသို့ထိုးနှံပေးခဲ့ရာ သာသနိကဘုန်းတော်ကြီးကျောင်းများ၊ မြို့မစည်ပင်သာယာဈေးတို့တွင် ဦးစားပေး ထိုးနှံပေးခဲ့သည်။ ထို့အပြင် ကုန်ကျစရိတ်အတွက် အခက်အခဲဖြစ်သည့် အိမ်မွေးခွေးများကိုလည်း အခမဲ့ ထိုးနှံပေးခဲ့ပြီး အလှူရှင်များရှိပါက ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

မြင့်ထွန်း(ဖောင်းပြင်)

 

 IMG_20210102_10125