ဖောင်းပြင်   နိုဝင်ဘာ   ၂၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁- ၂၀၂၂ ​​​ခြောက်လဘတ်ဂျက်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးရွာနှစ်ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းဆိုင်ရာ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဘိုင်းလယ်ကျေးရွာတွင် နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ဝင်းက မြစိမ်းရောင် စီမံကိန်းနှင့်ပတ်သက်၍လည်းကောင်း၊ ကျေးရွာကော်မတီ စည်းကမ်းချက်များကို လည်းကောင်း ရှင်းလင်းပြောကြားကာ မြို့နယ်ဦးစီးအရာရှိ ဒေါ်သန်းသန်းညွန့်က စီမံကိန်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျေးရွာကော်မတီဝင်များအား ကျေးရွာနေ ပြည်သူများက စိစစ်ရွေးချယ်ခဲ့ကြသည်။

 

အဆိုပါစီမံကိန်းသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်  နိုင်ငံတော်က ငွေကျပ်သိန်း ၃၀၀ မတည်ပေးပြီး ကျေးရွာနေပြည်သူများက ဝင်ငွေရရှိသည့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရေး သက်သာသည့် အတိုးနှုန်းများဖြင့် ထုတ်ချေးပေးပြီး ရရှိသောအတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရသည့် စီမံကိန်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ဝင်း၏ ပြောကြားချက်အရ သိရသည်။

 

ကိုထွန်း(ဖောင်းပြင်)