ဖောင်းပြင် ဩဂုတ် ၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက နာဂဒေသနှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်(NBADP)ဖြင့် စပါးမျိုးစေ့ချကိရိယာများကို ထောက်ပံ့ပေးခဲ့ရာ စစ်ကိုင်းတိုင်းဒသကြီး၊ ဖောင်း ပြင်မြို့ နယ်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးက ဇူလိုင် ၃၁ရက်မှ စတင်၍ တောင်သူများကိုယ်စား သက် ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်လျက်ရှိပြီး စိုက်ပျိုးရာသီချိန်အမီပေးအပ်သွား မည်ဖြစ်ကြောင်း မြို့နယ် ဦးစီးအရာရှိ ဦးချစ်ဝင်းထံမှသိရသည်။
ထိုသို့ပေးအပ်ရာတွင် ကျေးရွာအုပ်စု တစ်အုပ်စုလျင် စပါးအစေ့ချကိရိယာ တစ်စုံနှုန်းဖြင့် ကျေးရွာ(၁၀) ရွာကို ပေးအပ်ပြီး အသုံးပြုလိုသည့်တောင်သူများအနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံတွင် အခမဲ့ငှား ရမ်းအသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကိုထွန်း (ပြန်/ဆက်)


