ဖောင်းပြင် ဩဂုတ် ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် အောက်ဆီဂျင်စက်ရုံအား တစ်ဦးချင်းအလှူရှင်များ၊ ကျေးရွာ အုပ်စုများအလိုက် အလှူရှင်များ၏ စုပေါင်းငွေဖြင့် တည်ဆောက်သွားမည်ဖြစ်ရာ ယနေ့နံနက် ၈နာရီ ၃၀မိနစ် အချိန်က ပန္နက်ရိုက်ခြင်း စတင်ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဘာသာရေးအသင်းအဖွဲ့ပေါင်းစုံက တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးကော်မတီဝင်များ၊ ရန်ပုံငွေ ရှာဖွေရေးအဖွဲ့ဝင်များ တက်ရောက်ကာ ပန္နက်ရိုက်ခြင်းကို ပူးပေါင်းပါဝင်ဆောင်ရွက်သည်။
ယင်းစက်ရုံကို ယခုလ ၁၀ရက်နေ့တွင် စတင်တည်ဆောက်မှာဖြစ်ပြီး အဆောက်အဦအလျားပေ(၄၀)၊ အနံပေ (၂၀) RCအမျိုးအစားတည်ဆောက်မှာဖြစ်ကြောင်း တာဝန်ရှိသူထံမှသိရသည်။
ကိုထွန်း (ပြန်/ဆက်)


