ဖောင်းပြင်မြို့နယ်တွင် ဇွန်လ (ပထမ)ပတ်က စိုက်ပျိုးခဲ့သော တောင်ယာစပါးများ စတင်ရိတ်သိမ်း

ဖောင်းပြင် စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ရေသွင်းစိုက်ပျိုးရန်မလိုပဲ မိုးရေကိုအားပြုကာ ဇွန်လ (ပထမ)ပတ်က စိုက်ပျိုးခဲ့သည့် တောင်ယာစပါးများမှာ ယခုအခါ ရိပ်သိမ်းနေကြပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စပါးမျိုးကို ညောင်ကုန်းကျေးရွာမှ တောင်သူဦးမင်းထွန်းက ယခင်နှစ်တွင် စမ်းသပ်စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး အောင်မြင်ဖြစ်ထွန်းခဲ့သည့်အတွက် ယခုနှစ်တွင် တွင်ကျယ်စွာ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးခဲ့ရာ တောင်သူဦးမင်းထွန်းက “ဒီစပါးမျိုးက ရွှေဘိုမြို့နယ်ကရတာပါ ဒေသအခေါ်ကတော့ (၇၂)လို့ ခေါ်ကြပါတယ်။ စပါးမျိုးအမည်ကတော့ တိတိကျကျမသိရပါဘူး။ သက်တမ်းတိုလို့ (၇၂)လို့ခေါ် ဝေါ်ကြတာဖြစ် မယ်။ စပါးမျိုးက ရေသွင်းစိုက်လို့လည်းရသလို ရေမသွင်းပဲလည်း စိုက်လို့ရတယ်လို့သိရ တော့ ဒီဒေသက မိုးရွာသွန်းမှုလည်း အားကောင်းတာကြောင့် ပြီးခဲ့တဲ့နှစ်က စပြီးစမ်းစိုက်ကြည့်တာပါ။ ဒီနှစ်မှာတော့ စိုက်ချင်တဲ့ တောင်သူတွေကို မျိုးစပါးတွေပြန်လည်ဖြန့်ဖြူးရောင်းချပေးခဲ့တာကြောင့် အ တော်များများ စိုက်ပျိုးလာကြပါတယ်။ စပြီးစိုက်တဲ့ရက်နဲ့ဆို ရိတ်သိမ်းချိန်အထိ ရက်တစ်ရာဝန်းကျင် ရှိမယ်။ စိုက်ပျိုးစရိတ်သက်သာလို့ မိသားစုစားသုံးရန်စိုက်မယ့်တောင်သူတွေအတွက် အဆင်ပြေပါတယ်။”ဟု ပြောပြသည်။

ယင်းတောင်ယာစပါးများကို စိုက်ပျိုးရာတွင် ထယ်ရေးနှစ်စပ်ထိုးပြီး တိုက်ရိုက်အစေ့ချစနစ်ဖြင့် ပက်ကြဲစိုက်ပျိုးကြကြောင်း၊ တစ်ဧကစိုက်ပျိုးရာတွင် မျိုးစပါးတစ်တင်းနှုန်း စိုက်ပျိုးကြောင်း၊ စိုက်ပျိုးပြီးပါက စပါးပင်အစိပ်အကျဲပေါ်မူတည်၍ မှုန်းပေးရကြောင်း၊ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာတို့ကို လိုအပ် သလို အသုံးပြုခဲ့ကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် စပါးတင်းရေ ၆၀မှ ၇၀အထိထွက်ရှိခဲ့ကြောင်း ၎င်းထံမှသိရသည်။

ကိုထွန်း(ဖောင်းပြင်)