ဖောင်းပြင်မြို့နယ်တွင်  ချောင်းရေတိုက်စားမှုကြောင့် ကျေးရွာချင်းဆက်တံတား (၁၀)စင်းပျက်စီး

mdn

 

ဖောင်းပြင် ဩဂုတ် ၂

 

စစ်ကိုင်းတိုင်းဒေကြီး၊ ဖောင်းပြင်မြို့နယ်တွင်  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်းမခွင်ချောင်းနှင့် ခြင်္သေ့ချောင်း တို့တွင် ယမန်နေ့က ရေအလုံးအရင်းကြီးမြှင့်ခဲ့ရာ ချောင်းတစ်လျှောက်ရှိ ကျေးရွာချင်း ဆက် တံတား (၁၀)စင်း ပျက်စီးခဲ့ပြီး လူ၊ လူနေအဆောက်အဦးများနှင့် တိရစ္ဆာန်များထိခိုက် ဆုံးရှုံးမှု မရှိကြောင်းနှင့် ရေကြီးရေလျှံမှု ကြောင့်  စိုက်ပျိုးသီးနှံများ ရေနစ်ဆုံးရှုံးမှုရှိမရှိ စိစစ်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

ထိုသို့ပျက်စီးခဲ့ရာ နန်းမခွင်ချောင်းတစ်လျှောက်ရှိ ကျော်ရွာကျေးရွာနှင့် ဗျူဟာလမ်းမကြီးသို့ဆက်သွယ် ထားသော သစ်သားတံတား အရှည်ပေ(၁၇၀) ၊ အကျယ်(၁၂)ပေမှာ အရှည် (၇၂)ပေခန့်ကျိုးပြတ်မျှောပါ ခြင်း၊ မှန်ပင်-အောင်မြင်ငြိမ် ကျေးရွာချင်းဆက် သစ်သားတံတား အရှည် ပေ (၃၀၀)၊ အကျယ် (၁၄)ပေမှာ အရှည်ပေ(၈၀)ခန့်ကျိုးပြတ်မျှောပါခြင်း၊ ညောင်ပင်သာ- ကလပ်ဝကျေးချင်းဆက် သစ်သားတံတား အရှည်ပေ(၁၃၀)၊ အကျယ်(၁၂)ပေမှာ တံတားတစ်စင်းလုံးမျှောပါြခင်း၊ ချောင်းခွ- မန်လီ ကျေးရွာချင်းဆက် သစ်သားတံတား အရှည်ပေ(၂၁၀)၊ အကျယ်(၁၀)ပေမှာ တံတားတစ်စင်းလုံး မျှောပါခြင်း၊ ကုန်းအောက် တောင်း- ရွှေညောင်ပင်ကျေးရွာချင်းဆက် သစ်သားတံတား အရှည်(၂၅၀)ပေ၊ အကျယ်(၁၂)ပေမှာ အရှည်ပေ(၁၀၀)ခန့် ကျိုးပြတ်မျှောပါခဲ့ပြီး၊ ခြင်္သေ့ချောင်းတစ်လျှောက်ရှိ လယ်ဦး-ခမိုင်းကျေးရွာချင်းဆက် သစ် သားတံတား အရှည်(၁၅၀)ပေ၊ အကျယ်(၁၀)ပေမှာ တံတားတစ်စင်းလုံးမျှောပါခြင်း၊ နောင်မနား- ဘုရား တစ်ဆူကျေးရွာချင်းဆက် ကြိုးတံတား အရှည်ပေ (၁၅၀) ၊ အကျယ်(၁၅)ပေမှာ တံတားတစ်စင်းလုံး မျှောပါခြင်း၊ နောင်မနား- တောင်ကုန်းသာကျေးရွာချင်းဆက်ကြိုးတံတား အရှည်ပေ(၂၅၀)၊ အကျယ်(၁၅)ပေ မှာ ရေတိုက်စားမှုကြောင့် ယိမ်းယိုင်သွားခဲ့ခြင်း၊ ရွာတန်းရှည်- ကြာအင်းကျေးရွာချင်းဆက် ကြိုးတံတား အရှည်(၂၆၀)ပေ၊ အကျယ်(၁၈) ပေမှာ တံတားတစ်စင်းလုံး မျှောပါခြင်းနှင့် နောင်စကန်- မြင်သာကျေးရွာ ချင်းဆက် သစ်သားတံတားအရှည် (၂၀၈)ပေ၊ အကျယ်(၁၄)ပေမှာ တံတားအလယ်ပိုင်း ယိမ်းယိုင်သွား ခဲ့ကြောင်း  သိရသည်။

 

အဆိုပါတံတားများ ပျက်စီးခဲ့မှုကြောင့် တံတားများကို မှီခိုသွားလာနေကြသည့် ပြည်သူများအနေဖြင့် သွားလာရေးအဆင်မပြေမှုများ ဖြစ်ပေါ်နေပြီး လတ်တလောသွားလာရေးအဆင်ပြေစေရန်အတွက် ယာ ယီတံတားများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ကျေး ရွာနေပြည်သူများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တာဝန်ရှိသူထံမှသိရသည်။

 

ကိုထွန်း(ဖောင်းပြင်)