ဖောင်းပြင် ဩဂုတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများကို ဇွန် ၂၃ ရက်က စတင်တွေ့ရှိခဲ့ပြီး ယခုဩဂုတ်(၁၁) ရက်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ( ၅၈၂)ဦး ရှိသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများမှ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ရသူ( ၄၅၈)ဦး၊ သေဆုံးသူ (၁၃)ဦး အထိရှိခဲ့ကာ လက်ရှိဆေးဝါးကုသမှုခံ ယူနေသူ(၁၁၁)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများကို ဖောင်းပြင်မြို့နယ်ပြည်သူ့ဆေးရုံ၊ မင်းကွန်းဓမ္မရိပ်သာ၊ ရွှေပုဂံရိပ်သာနှင့် ဖောင်းပြင်မြို့ အခြေခံပညာအထက်တန်းကျောင်းတို့၌ ထားရှိကာ ဆေးဝါးကုသမှုပေးလျက်ရှိကြောင်း သိရသည်။ 

ထို့ပြင် ဖောင်းပြင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များ ပူးပေါင်း၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များအား ပြည်သူများ သိရှိလိုက်နာ နိုင်စေရန် အတွက်အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)