ဖောင်းပြင်မြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် ၂၉ ဧပြီ

 

ဧပြီ ၂၈ ရက် ညနေပိုင်းက  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ လွင်ကြီး-မြောက်လွင် ကျေးရွာသွားလမ်းတွင် လင်းလင်းအောင် မောင်းနှင်ပြီး ဌေးဇော်မြင့် လိုက်ပါလာသော မော်တော်ဆိုင်ကယ်နှင့် ဝင်းထွန်း မောင်းနှင်လာသော မော်တော်ဆိုင်ကယ် ၂ စီးတို့ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆၂၀ တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ဖမ်းဆီးရမိသဖြင့် ဌေးဇော်မြင့် (၃၂) နှစ်၊ လင်းလင်းအောင် (၂၃) နှစ်၊ ဝင်းထွန်း (၃၂) နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

(ရဲပြန်ကြား)