ဖောင်းပြင် အောက်တိုဘာ ၉

 

ဖောင်းပြင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေး နှစ်အတွက် (VDP)စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်စေရေး စီမံကိန်းကျေးရွာများ ပဏာမရွေးချယ်ခြင်းကို လွှတ်တော် ကိုယ်စားလှယ်များ| မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ| ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

ထိုသို့ရွေးချယ်ရာတွင် ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ဝင်းက (VDP)စီမံကိန်းအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီး စီမံကိန်း ကျေးရွာများရွေးချယ်ရာတွင် သိရှိရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာသူများက စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ စီမံကိန်းကျေးရွာများအား ရွေးချယ်ပေးကြသည်။ (VDP)စီမံကိန်းနှင့် ပတ်သက်၍ ဖောင်းပြင် မြို့နယ်တွင် ၂၀၁၇-၂၀၁၈၌ ကျေးရွာ(၁)ရွာ| ၂၀၁၈ခုနှစ် (၆)လပိုင်းတွင် မီနီဘတ်ဂျက်ဖြင့် ကျေးရွာ(၃)ရွာ| ၂၀၁၈-၂၀၁၉ခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၇)ရွာတို့အား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး| ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာ(၁၆)ရွာအား ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ စီမံကိန်းကျေးရွာများရွေးချယ်ရာတွင်  ပြည်သူ့လွှတ်တော် ကျုယ်စားလှယ် ဦးထွန်းဝေ| အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်| မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ| မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် စီမံခန့်ခွဲမှု ကော်မတီဝင်များ| ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန| မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ| ဌာနဆိုင်ရာများ တက်ရောက် ရွေးချယ်ပေးကြကြောင်း သိရသည်။

 

ဖောင်းပြင်(ပြန်/ဆက်)