mdn

ဖောင်းပြင် ဩဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ချင်းတွင်းမြစ်ရေ မြင့်တက်လာခြင်းကြောင့် မြို့ပေါ်ရပ် ကွက် နှစ်ရပ်ကွက်ရှိ မြေနိမ့်ပိုင်းတွင်နေထိုင်ကြသည့် ပြည်သူတို့၏ နေအိမ်ခြံဝင်းအတွင်းသို့ ရေဝင်ရောက် မှုများ ဖြစ်ပေါ်လျက်ရှိပြီး ကျေးရွာအချို့တွင်လည်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
 
ယနေ့တိုင်းထွာချက်အရ  မြို့၏စိုးရိမ်ရေမှတ်ဖြစ်သည့် ၁၃၂၅စင်တီမီတာသို့ ရောက်ရှိရန် ၆ စင်တီမီတာ အလိုတွင် ရောက်ရှိနေပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်ရုံးချုပ်မှလည်း ယခု လအတွင်း မြို့၏စိုးရိမ်ရေမှတ်အထက်သို့ တစ်ကြိမ်ခန့် ရောက်ရှိနိုင်သည်ဟု ထုတ်ပြန်ထားကြောင်း ဖောင်းပြင်မြို့နယ် မိုးလေဝသနှင့်ဇလဗေဒ တိုင်းထွာရေးစခန်း၊ စခန်းမှူး ဦးထွန်းတင်ထွေးထံမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)