ဖောင်းပြင် ၁၀ ဇွန်
ဖောင်းပြင်မြို့နယ် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကော်မတီမှကြီးမှူးပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရေဘေးကယ်ဆယ်ရေး သရုပ်ပြလေ့ကျင့်ခြင်းကို ဇွန် ၉ ရက်နေ့ နံနက်ပိုင်းက ဖောင်းပြင်မြို့နယ်နိမိတ်ပိုင် ချင်းတွင်းမြစ်အတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့သရုပ်ပြလေ့ကျင့်ရာတွင် ရေနစ်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကျော်စိုးပိုင် ဦးဆောင်သော ဝန်ထမ်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ပြသခြင်း၊ မြို့နယ်ကြက်ခြေနီအသင်းမှ ရှေးဦးသူနာပြုစုပြသခြင်းနှင့် ဆေးရုံသို့မပို့ဆောင်မီ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက လူနာတင်ကားပေါ်တွင် လူနာအားနေရာချထားမှုအား သရုပ်ပြလေ့ကျင့်ပြသပေးကြပြီး အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများကြည့်ရှုအားပေးကြသည်။
အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံမှဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ အသင်းနှင့် ပရဟိ(ဖောင်းပြင်) လူမှုကူညီရေးအသင်းတို့က အဓိကအားဖြည့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖောင်းပြင်(ပြန်/ဆက်)