နေပြည်တော်  ၁၀  အောက်တိုဘာ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၉ ရက် ညနေပိုင်းက ဖောင်းပြင်မြို့နယ်၊ မြောက်လွင်-ခမိုင်းကျေးရွာ သွားကားလမ်းရှိ ချောင်းကူးတံတား အနီးတွင် နေဝင်းထွဋ်(ခ) အိုက်ထွန်း မောင်းနှင်ပြီး မခင်ရွှေသန်း လိုက်ပါသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၂၄ ကီလိုကိုလည်းကောင်း၊

အလားတူ ယင်းနေ့ညနေပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ပြင်ဦးလွင်မြို့နယ်၊ ပိတ်ချင်းမြောင်နယ်မြေ ရဲစခန်းအနီး၊ လားရှိုး-မန္တလေး သွားကားလမ်းတွင် သုသု မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)