ဖေါင်းပြင်  ၂၁  ဇွန် 

 

ဖေါင်းပြင်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ကြေးများပေးအပ်ခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရပ်/ကျေးစာရေးများမှ တစ်ဆင့် ကိုယ်စားပြုပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့ကြေးများ ပေးအပ်ခြင်းမပြုမီ  မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က ဌာနလုပ်ငန်းများနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ယင်းနောက်ထောက်ပံ့ကြေးများကို ပေးအပ်ရာ မြို့နယ်အတွင်းရှိ ကျေးရွာ(၄၂)အုပ်စုမှ သက်ကြီးဘိုးဘွား (၂၆၃)ဦးတို့အား တစ်ဦးလျှင်(၃၀ဝ၀ဝ)နှုန်းဖြင့် ပေးအပ်ခဲ့ပြီး အဆိုပါထောက်ပံ့ကြေးများကို စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနက ပေးအပ်ခြင်းဖြစ်ပြီး တစ်လလျှင်(၁၀ဝ၀ဝ)နှုန်းဖြင့် ၃ လတစ်ကြိမ် ပေးအပ်နေကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရသည်။

 

ဖေါင်းပြင်(ပြန်/ဆက်)