မန္တလေး ၆ ဖေဖော်ဝါရီ
မန္တလေးမြို့ Central Point shopping mall တွင် Couple Contest ပြိုင်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ Couple Contest ပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် ညနေ ၄ နာရီကနေ ည ၈ နာရီအထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

"ဖေဖော်ဝါရီ ၁၄ ရက်မှ ည Valentine couple ရွေးပွဲရှိမယ် ဖျော်ဖြေရေးကတော့ ဟန်ထူးဈာန် ၊ ရွှေထူးနဲ့ YZet တို့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေလဲ ပါရှိပါတယ်'' ဟု central point shopping mall ရဲ့ မန်နေဂျာ မဇင်မာဝင်းက ပြောသည်။
Couple Contest ရွေးပွဲမှာတွင် First winner ကို ဆုငွေကျပ် ၂ သိန်း၊ couple T-shirt နှင့် 925 စုံတွဲလက်စွပ်လည်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ Second winner ဆုငွေကျပ် ၁ သိန်းနှင့် couple T-shirt ဝတ်စုံတစ်စုံ ၊ third winner ငွေ ကျပ် ၅ သောင်းနဲ့ couple T-shirtတစ်စုံ ချီးမြှင့်သွားပါမည် ဖြစ်ကြောင်းသိရသည်။
Central point shopping mall တွင် Couple Contest ပြိုင်ပွဲအပြင် ဈေးဝယ်ယူသည့် ဈေးဝယ်များအတွက် ငွေကျပ်သိန်း ၁၃၀ ကျော် တန်ဖိုးရှိသည့် ဆုမဲများကို ၂၁ ရက်ကနေ ဧပြီလ ၇ ရက်အထိ အပတ်စဉ် ကံစမ်းမဲ အစီစဉ်များ ကံစမ်းပေးနေကြောင်း သိရသည်။
အိမို့မို့ခိုင်