ဇူလိုင် ၂၁

ဖီဂျီနိုင်ငံသို့ ဇွန်လအတွင်းမှာပင် ခရီးသွားဦးရေ  ၉၀၄၆၀ ရောက်ရှိကြောင်း ဖီဂျီခရီးသွားလုပ်ငန်းက ယနေ့တွင် ပြောကြားသည်။

ဇွန်လအတွင်း ခရီးသွားရောက်ရှိမှုသည် ၂၀၁၉ ခုနှစ် ဇွန်လကရောက်ရှိသော ခရီးသွားအရေအတွက်၏ ၁၀၆ ရာခိုင်နှုန်းနှင့်ညီမျှသည်ဟု သိရသည်။

ယခုနှစ်ဇွန်လအတွင်း ခရီးသွားများရောက်ရှိမှုသည် ၂၀၁၉ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းပိုမိုများပြားခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံအတွင်းရောက်ရှိသောခရီးသွားများများအနက် ၇၃ ရာခိုင်နှုန်းသည် အိမ်နီးချင်း ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့ ဖြစ်သည်။ တစ်လအတွင်း နယူးဇီလန်နိုင်ငံမှ ခရီးသွား ၂၄၀၀၀ ရောက်ရှိခဲ့သည်။

ဖီဂျီနိုင်ငံသို့ ယခုနှစ်အတွင်း ခရီးသွား ၄၁၇၈၅၂ ဦး ရောက်ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို