ဖိလစ်ပိုင် မူးယစ်ဆေးနှိမ်နင်းရေးစစ်ပွဲအတွင်း လူ ၅၀၀၀ ကျော် သေဆုံး

အစိုးရ၏ မူးယစ်ဆေးဝါးနှိမ်နင်းရေး ဆောင်ရွက်မှုအတွင်း သေဆုံးသူဦးရေမှာ ၅၀၀၀ ကျော်ရှိခဲ့ကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက ပြောကြားသည်။

 

၂၀၁၆ ခုနှစ်အတွင်း စတင်တာဝန်ထန်းဆောင်ချိန်ကတည်းက တရားမဝင်မူးယစ်ဆေးဝါး အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်သည့် မူဝါဒတစ်ရပ်ကို သမ္မတ ရိုဒရီဂိုဒူတာတေးက ကျင့်သုံးခဲ့သည်။ ရဲတပ်ဖွဲ့က စစ်ဆင်ရေးများအ တွင်း သံသယရှိဖွယ်ရာ မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၊ သုံးစွဲသူများကို ရက်ရက်စက်စက် ဖြိုခွင်းမှုပြုလုပ်ခဲ့ပြီး သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။  

 

ဖိလစ်ပိုင်မူးယစ်ဆေးတိုက်ဖျက်ရေးအေဂျင်စီက အင်္ဂါနေ့က  သတင်းထုတ်ပြန်ခဲ့သော မှတ်တမ်းများအရ ယခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့အထိ ၂၉ လတာ ကာလအတွင်း လူပေါင်း ၅၀၅၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

လွှတ်တော်အမတ် ၆၀၀နှင့် အစိုးရတာဝန်ရှိသူများ အပါအဝင် လူပေါင်း ၁၆၄၀၀၀ ကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

 

မူးယစ်ဆေးဝါး နှိမ်နင်းမှုများအတွက် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများကြောင့် ပြည်တွင်းပြည်ပမှ ပြင်းပြင်းထန်ထန် ဝေဖန်မှုများခဲ့သော်လည်း စစ်ဆင်ရေးများကို ဆက်လက်ပြုလုပ်မည်ဟု ဒူတာတေးက ကတိပြုခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်