၂၉ ဇွန်

 

 

ယမန်နေ့ နံနက်ပိုင်းက ငါးဖမ်းလှေတစ်စင်းနှင့် နိုင်ငံခြား ကုန်တင်သင်္ဘောတို့ တိုက်မိခဲ့ရာ ဖိလစ်ပိုင် နိုင်ငံသား ၁၂ ဉီးထက်မနည်း ပျောက်ဆုံးခဲ့ကြောင်း ဖိလစ်ပိုင် မီဒီယာများက ဖော်ပြထားသည်။

 

 

အဆိုပါဖြစ်ရပ်မှာ ဖိလစ်ပိုင်နိုင်ငံ အနောက်မြောက်ပိုင်းကမ်းခြေ အိုစီဒန်တယ်မင်ဒိုရိုပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် ဝက်ဘ်ဆိုဒ်များက ဖော်ပြခဲ့သည်။

 

 

ပျောက်ဆုံးသူများမှာ အမှုထမ်း ၁၂ ဉီးနှင့် ကုမ္ပဏီဝန်ထမ်း နှစ်ဉီးပါဝင်ကြောင်း ဖိလစ်ပိုင်ကမ်းခြေစောင့် တပ်ဖွဲ့ကို ကိုးကား၍ အဆိုပါ ဝက်ဘ်ဆိုဒ်များက ဖော်ပြခဲ့ကြခြင်းဖြစ်သည်။ 

 

 

ငါးဖမ်းလှေ၏ပါးလွှာသည့် ကိုယ်ထည်ကို နံနက် ၁၀ နာရီ အချိန်ခန့်တွင် တွေ့ရှိခဲ့သည် ဆိုခဲ့သော်လည်း  ပျောက်ဆုံး တံငါသည် ၁၂ ဉီးနှင့် ကုမ္ပဏီဝန်ထမ်း နှစ်ဉီးကို မတွေ့ရှိကြောင်း သိရသည်။

 

 

စုံစမ်းစစ်ဆေးရေး၏ နောက်ဆုံးထုတ်ပြန်ချက်အရ တိုက်မိခဲ့သည့် သင်္ဘောတစ်စင်းမှာ တရုတ်ကုန်တင် သင်္ဘောဖြစ်ပြီး ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသအလံကို လွှင့်ထူထားကြောင်း သိရသည်။

 

 

တနင်္ဂနွေနေ့ ညနေပိုင်းတွင် ရေစီးပြင်းထန်မှုကြောင့် ရှာဖွေမှုကို ရပ်ဆိုင်းထားခဲ့သော်လည်း ယနေ့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကမ်းခြေစောင့် တပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။

 

 

အဆိုပါ အဖြစ်အပျက်သည် ပါလန်မြို့ မှ ၂၄ ကီလိုမီတာ အကွာတွင် ဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင်ဝက်ဘ် ဆိုဒ်က ဖော်ပြခဲ့သည်။

 

 

ကိုးကား-စီဂျီတီအမ်

ဘာသာပြန်-မေဇော်ထက်