မြန်မာနိုင်ငံဆိုင်ရာဖိလစ်ပိုင်သံရုံးက “A Capella Manila” ဖိလစ်ပိုင် သံစုံအဖွဲ့၏ ဖျော်ဖြေပွဲကို Himig Pasko – A Christmas Concert ကြီးမှူး၍ Sule Shangri-La ဟိုတယ်တွင် ယနေ့ည ၆ နာရီခွဲက ကျင်းပသည်။
အခမ်းအနားတွင် နိုင်ငံတော်သီချင်းဖြင့် နိုင်ငံတော်အလံ အလေးပြုကြပြီး မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ ဒုတိယသံအမတ် Ms Stephanie Alexis Crus နှင့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် “A Capella Manila” ဖိလစ်ပိုင် သံစုံအဖွဲ့က ဖျော်ဖြေတင်ဆက်မှုကို ဒုတိယဝန်ကြီး နှင့် ဧည့်တော်များက ကြည့်ရှုအားပေးကြသည်။
(သတင်းစဉ်)