ဖိလစ်ပိုင်အကျဉ်းထောင်မှ အကျဉ်းသားရှစ်ဦး  ထွက်ပြေးလွတ်မြောက်

မနီလာ ၈ ဇူလိုင်   

 

ယမန်နေ့နံနက်ပိုင်းက ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဘာဆီလန်ပြည်နယ်  လာမီတန်မြို့တော်ရှိ အကျဉ်းထောင်တစ်ခု၌ အကျဉ်းထောင်စောင့်များ အိပ်ပျော်နေစဉ် အကျဉ်းသား ရှစ်ဦး လွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

 

အကျဉ်းသားများမှာ ယနေ့နံနက် ၈ နာရီဝန်းကျင်တွင် ထွက်ပြေးသွားခဲ့ပြီး  အကျဉ်းထောင်စောင့်များသို့ ထုတ်ပေးထားသည့် အမ်-၁၆ ချေမှုန်းရေးရိုင်ဖယ်နှစ်လက်ကို ယူဆောင်သွားကြောင်း လာမီတန်မြို့တော် ရဲတပ်ဖွဲ့အကြီးအကဲ ဒုတိယရဲမှူးကြီး  ခရစ္စတိုဖာပါနာပန်က ပြောကြားသည်။ အဆိုပါ အကျဉ်းသားရှစ်ဦးမှာ  လူသတ်မှု၊ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်သည့်ပြစ်မှုများဖြင့်    အကျဉ်းကျနေခြင်းဖြစ်ကြောင်း ၎င်းက  ဆိုသည်။

 

ပိုက်စိပ်တိုက်ရှာဖွေမှုကို  ချက်ချင်းဆိုသလို လုပ်ဆောင်ခဲ့ပြီး လုံခြုံရေးဆိုင်ရာ  အမှားအယွင်းများကို စုံစမ်း စစ်ဆေးနေပြီဖြစ်ကြောင်း ပါနာပန်က ပြောသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ကျော်ထိုက်စိုး