ဖိလစ်ပိုင်အကျဉ်းထောင်တွင်းမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် အကျဉ်းသား ၁၀,၀၀၀ နီးပါး လွှတ်ပေး

မေ

 

ဖိလစ်ပိုင်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်မှုကို ရပ်ဆိုင်းသွားရန် အကျဉ်းသား ၁၀,၀၀၀ နီးပါးကို လွှတ်ပေးလိုက်ကြောင်း ဗဟိုတရားရုံးရဲ့ တာဝန်ရှိသူတစ်ဦးက ဒီနေ့(စနေနေ့) မှာပြောကြားပါတယ်။

ဆီဗူးကျွန်းရှိ အကျဉ်းထောင်နှစ်ခုမှာ အကျဉ်းသား ,၀၀၀ ရှိရာ ၃၄၈ ဦး တွင် ရောဂါပိုးတွေ့ရှိရတဲ့ ကိစ္စဟာ လက်ရှိအခြေအနေမှာ အဆိုးရွားဆုံးဖြစ်နေပါတယ်။

နိုင်ငံတွင်းရှိ လူဦးရေထူထပ်နေတဲ့ အကျဉ်းထောင်တွေရဲ့ အကျဉ်သားတွေနဲ့ ထောင်ဝန်ထမ်းတွေပါ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံနေရကြောင်း သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်မနေရေးဟာ အကျဉ်းထောင်တွင်းမှာ မဖြစ်နိုင်တာကို တွေ့ရပါတယ်။ အကျဉ်းထောင်တွင်းရှိ တစ်ချို့အခန်းတွေမှာရှိသင့်တဲ့ ဦးရေထက် ငါးဆ အထိရှိနေ ပါတယ်။ တရားစီရင်ရေးစနစ်ရဲ့ နှေးကွေးမှုနဲ့ အမှုတွေ များပြားမှုတွေကြောင့် အကျဉ်းထောင်တွင်းမှာ လူဦးရေများပြားနေခြင်းဟာ အကြောင်းအရင်း ဖြစ်နေပါတယ်။

သမ္မတဒူတာတေးလက်ထက် ၂၀၁၆ ခုနှစ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ ထောင်ချီတဲ့လူတွေကို အကျဉ်းထောင်တွင်း ထည့်ထားတဲ့အတွက် အကျဉ်းထောင်တွင်းမှာ လူဉီးရေများပြားနေတာကို တွေ့ရပါတယ်။

လူဦးရေထူထပ်နေတဲ့အကျဉ်းထောင်တွေထဲမှာ မနီလာရှိ ကပ်ဇွန်စီးတီအကျဉ်းထောင်မှာ လူများလွန်းတဲ့အတွက် လှေကားထစ်တွေမှာ အိပ်ရခြင်းနဲ့ ထောင်တွင်းရှိ ဘတ်စကတ်ဘော ကစားကွင်း မှာလည်း အကျဉ်းသားတွေ ရှိနေတာကို တွေ့ရပါတယ်။

 

လူ့အခွင့်ရေးလှုပ်ရှားသူတွေက ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့် အသက်ကြီးတဲ့ အကျဉ်းသား၊ နာမကျန်းဖြစ်နေတဲ့အကျဉ်းသား နဲ့ ရာဇဝတ်မကျူးလွန်တဲ့ အကျဉ်းသားတွေကို လွှတ်ရက်ထက် စောလွှတ်ပေးဖို့ တောင်းဆိုနေခဲ့ကြပါတယ်။

 

ဖိလစ်ပိုင်နို်ငငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပေါင်း ,၀၀၀ နီးပါးထဲမှာ ၆၀၃ ဦးသေဆုံးကြောင်း မေ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MDN
ကိုးကား - AFP