မနီလာ ဇွန် ၁၄
ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဌာန (ဒီအင်န်ဒီ) သည် တပ်မတော်ကို ပိုမိုခေတ်မီပြီး စွမ်းဆောင်ရည် မြင့်မားလာအောင် ကြိုးပမ်းလုပ်ဆောင်မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် တောင်ကိုရီးယားနိုင်ငံ လေယာဉ်နှင့် ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်သည့် ကေအေအိုင် ကုမ္ပဏီမှ FA-50 Block 70 အပေါ့စား တိုက်ခိုက်ရေးလေယာဉ် ၁၂ စင်း ကို ဝယ်ယူလိုက်ကြောင်း ဇွန် ၁၄ ရက်တွင် အတည်ပြုပြောသည်။
အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် တန်ဖိုးရှိ အဆိုပါ လေယာဉ်ဝယ်ယူမှု စာချုပ်ကို ယခုလ အစောပိုင်းတွင် တရားဝင်ချုပ်ဆိုခဲ့ကြောင်း သိရသည်။ ဒီအင်န်ဒီ ထုတ်ပြန်ချက်အရ လေယာဉ်ဝယ်ယူမှု၌ မစ်ရှင် လုပ်ဆောင်ရာတွင် လိုအပ်သည့် ပစ္စည်းကိရိယာများ၊ ကောင်းမွန်စွာ ထိန်းသိမ်းအသုံးပြုနိုင်ရန် လိုအပ်သည့် ထောက်ပံ့မှုများ၊ လေ့ကျင့်ရေးနှင့် ထောက်ပံ့ပို့ ဆောင်ရေးဆိုင်ရာ သတင်းအချက် အလက်စနစ်တို့ ပါဝင်သည်။
FA-50 Block 70 မှာ FA-50 လေယာဉ်ထုတ်လုပ်မှုများထဲမှ နောက်ဆုံးပေါ်အဆင့်မြှင့်တင်ထားခြင်းဖြစ်ပြီး ပိုမိုအဆင့်မြင့်သည့် အီလက်ထရွန်နစ်ပညာ၊ ခေတ်မီရေဒါစနစ်များပါဝင်ကာ ပိုမိုဝေးကွာစွာ တာဝန်ထမ်းဆောင် နိုင်ကြောင်း သိရသည်။
ဒီအင်န်ဒီ ထုတ်ပြန်ချက်တွင် လေယာဉ်များကို လာမည့်ငါးနှစ်အတွင်း အသုတ်လိုက် လက်ခံရရှိမည်ဖြစ်ကာ ၂၀၃၀ ပြည့်နှစ် အနောက်တွင် မှာယူထားသည့် လေယာဉ်အားလုံးရရှိမည်ဟု ဖော်ပြထားသည်။
ဆင်ဟွာ