၁၇ ဇန်နဝါရီ

 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ အဖွဲ့က ဖိလစ်ပိုင်နိုင်ငံအား ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၅ သိန်း စနေနေ့က လှူဒါန်းကြောင်း ဖိလစ်ပိုင်တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်နိုင်ငံထုတ်ဆေးရဲ့ အစွမ်းထက်မှုအပေါ် ဖိလစ်ပိုင်ပြည်သူတွေက သံသယကြီးထွားနေစဉ်မှာ အခုလို လှူဒါန်းတာဖြစ်ပါတယ်။

 

ကာကွယ်ဆေး ရရှိရေးအတွက် ကမ္ဘာတစ်ဝန်းမှာ ယှဉ်ပြိုင်မှုတွေ ပြုလုပ်နေမယ့် ဖိလစ်ပိုင်အစိုးရက ကာကွယ်ဆေးရရှိရေးဆောင်ရွက်မှု နှေးကွေးကြောင်း ဝေဖန်ခံနေရပြီးနောက် လူဦးရေ သန်း ၁၁၀ နေထိုင်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရရှိရေးကို သမ္မတ ဒူတာတေး အစိုးရက အလျင်အမြန် ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

 

တရုတ်ဆေးကုမ္ပဏီ Sinovac ထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး Coronavac ဆေး ၂၅ သန်း ဝယ်ယူရန် ဖိလစ်ပိုင်အစိုးရက သဘောတူညီထားပြီးကြောင်း သိရပါတယ်။ အဲဒီကာကွယ်ဆေးအား တရုတ်နိုင်ငံက ဆေးဝါးကြီးကြပ်ရေးအဖွဲ့က အသုံးပြုခွင့် မပေးသေးကြောင်း သိရပါတယ်။

 

ဖိလစ်ပိုင်ကို လှူဒါန်းတဲ့ တရုတ်ကာကွယ်ဆေးဟာ ဘယ်ကုမ္ပဏီထုတ် ဆေးအမျိုးနဲ့ ကာကွယ်ဆေးဝယ်ယူရေးအတွက် ကြိုတင်သဘောတူညီအချက် လှူဒါန်းခဲ့တာလားဆိုတာကို ဖိလစ်ပိုင်ရှိ တရုတ်သံရုံးက ထုတ်ပြန်ခြင်းမရှိတာကို တွေ့ရပါတယ်။

 

စနေနေ့က ပြုလုပ်ခဲ့တဲ့ မနီလာက ကာကွယ်ဆေးလှူဒါန်းပွဲကို ဖိလစ်ပိုင်နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိလည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

 

တရုတ်နိုင်ငံက ဒေသတွင်းရှိ တခြားနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံအား ကာကွယ်ဆေး ၁ သန်း နဲ့ မြန်မာနိုင်ငံအား ကာကွယ်ဆေးတွေ ၃ သိန်း ပေးအပ်လှူဒါန်းမယ်ဆိုတဲ့ သတင်းတွေကလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ထွက်ပေါ်လာခဲ့ပြီး ဖြစ်ပါတယ်။

 

တရုတ်ဆေးကုမ္ပဏီ Sinovac ထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး Coronavac ဆေးဟာ တူရကီနိုင်ငံတွင်းက စမ်းသပ်မှုအရ ၉၁ ဒသမ ၂၅ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း တွေ့ရပြီး ဘရာဇီးနိုင်ငံမှာ ၅၀ ရာခိုင်နှုန်း အစွမ်းထက်ကြောင်း ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။

 

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၅ သိန်းနီးပါးရှိပြီး ရောဂါပိုးကြောင့် သေဆုံးသူ ၁၀,၀၀၀ ခန့်ရှိကြောင်း နောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား - AFP

 

mdn